Sunday, September 9, 2012

ကျွန်တော် apple accout များ စိတ်ညစ်ရခြင်း

apple id သည်  အရေးကြီးသော personal ကိုယ်ပိုင် အကောက်တစ်ခုဖြစ်ပါသည်။ ထိုကြောင့် မိမိ ကိုယ်ရေးကိုယ်တာကိစ္စများကိုအသုံးပြုသော  deviece သို့ တူညီစွာ စီးဆင်းသော ကိုယ်ပိုင် အချက်အလက် စုစည်းရာ အဲပဲ မှ 5GB သိမ်းဆည်း လို့ရအောင် ကူညီပေးသောအင်တာနက် ဘီဒို တစ်ခုဖြစ်ပါသည်။ ထိုကြောင့် မိမိကိုယ်ရေး ကိုယ်တာ အချက်အလက်များကို သူတစ်ပါးအလယ် တွင်ပေါ်လွင်ပါက မိမိ မသိစေချင်သော ကိစ္စများကိုလျှိုဝှက်သင့်ပါသည်။ ထို့ကြောင့်လုံခြုံအောင်သိမ်းဆည်းပါ။

Tuesday, August 14, 2012

ကဗျာဆရာ ကိုတူးနိုင်ရဲ့ မိန်းမချစ်ကဗျာတဲ့

ကဗျာဆရာ တူးနိုင်(မြိတ်) က အဲဒီကဗျာလေး ဘလော့ပေါ်တင်ပေးပါ။ မတင်ပေးရင် ငါကိုငါဘယ်တော့မှ မခေါ်တော့ဘူးတဲ့။ သြော် ကျွန်တော့်သူငယ်ချင်းစိတ်ချမ်းသာရင် မြန်မာပြည်ကြီးအေးချမ်းပါစေလို့........
မအိုဟောင်းသေးတဲ့ အချစ်တွေနှင့်
နွေးထွေးနေဆဲ........
လတ်ဆတ်နေဆဲ.........

အေးအတူ ပူအမျှ
မငြူစူတဲ့ ဘ၀နှင့်
အတူတကွ......

ဟဲဟဲ...ဘူမှ မသိအောင်..
တိန်...လိုက်မယ်.............
နာတွ....ဒီတူးနိုင်.....

အိမ်ထောင်သက် ၁၂ နှစ်
အပြုံးမပျက်တဲ့ ချစ်ဇနီး...
အခြားမတွေးပါနှင့် ..ဟီးဟီးဟီး....

နိမ့်ပါးစဉ်တစ်ခဏ
ဖေးမလို့ အားပေး
အဆင်ပြေလာပြန်တော့
သိမ်းထုပ်လို့ သေချာ....

မာဆပ်သို့ လမ်းမမှားအောင်
ဆွဲဆောင်လို့ သိမ်းသွင်း..
ဟင်းဟင်းဟင်း.........

အဲဒါ...
ကျုပ်ဇနီး
ဟီးဟီးဟီး...
..............................
.......................တိန်...

Sunday, August 12, 2012

ဒီနေ့အားနေလို့ ကိုယ့်ဟာကိုယ်ဟင်းချက် ထမင်းပန်းကန်ပုံ နဲ့ ၀က်သားလိပ်အကင်



ကိုယ်ဟာကိုယ်ချက်တော့ ကိုယ်ပင်ပန်းတာပေါ့။ ပြီးတော့ ဆေးရဦးမယ် ဟူးးးးးး

Friday, August 10, 2012

kofat ဘလော့စတင်ကလိခြင်း

ကျွန်တော်သည် ထိန်လင်းအောင်ဖြစ်ပါသည်။ သူငယ်ချင်းများက ကိုဖက်ဟုခေါ်ကြပါသည်။ နိုင်ငံရေးမလုပ်ပါ။ ဘယ်သောအခါမှလည်း စိတ်မ၀င်စားပါ။ သို့သော် အမေစုကိုတော့ ချစ်ပါသည်။ မြိတ်နှင့်ပတ်သက်သော
ပျော်စရာအခန်းကဏ္ဍလေးများကို ကြုံလျှင်ကြုံသလိုတင်ပါ့မည်။ မည်သူ့တစ်ဦးတစ်ယောက်ကိုမှ ရည်ညွန်းခြင်း
မရှိသော post များကိုသာအဓိက တင်ပါမည်။ personal ရေးရာ ထိခိုက်စေလိုခြင်းဆန္ဒမရှိပါ။ ထိုကြောင့်
ဖက်ဖက်ဘလော့စတင်ကလိခြင်းတိုက်ဆိုင်မှုများရှိလျှင်လည်း ခွင့်လွတ်ပေးကြပါ။

                                                                                       ကိုဖက်(ကီးဘုတ်)