ကော့သောင်းမှာ အရမ်းပျော်တဲ့ ကျွန်တော်ကော့သောင်းမြို့လေးကိုပြန်ရောက်တဲ့ အခါ ညီအစ်ကိုထက်ရင်းတဲ့ သူငယ်ချင်းများဖြင့်ပြန်တွေ့ရသဖြင့် အတိုင်းမသိ အလွန်အလွန့်ကိုပျော်ပါတယ်။ network စိတ်ဝင်စားတဲ့ ကျွန်တော်ကော့သောင်းရောက်ရောက်ချင်း အင်တာနက်လိုင်းကိုရှာပါပြီ။ ကျွန်တော့် အစ်ကိုကိုကော့ခင်ဆိုင်မှာ သုံးတော့ လိုင်းကောင်းချက်က လန်ထွက်နေတယ်။ ဒန်ခွက်နဲ့ အုပ်လို့ရတယ်။အဲဒီတော့ ကျွန်တော့်ဆိုင်ရှိရာ bamboo villa မှာ မိနိုင်တဲ့ လိုင်းကို ရွှေးချယ်တဲ့အခါ Dtac လိုင်းကိုတွေ့မိပါတယ်။ ပမာဏ 3GB ကို ဘတ် ၆၉၉ သွင်း ဖုန်းကဒ်ဖိုးနဲ့ mifi rounder ဖိုး တော်တော်လေးကိုနေကောင်းပြန်တယ်။ ဒါပေမယ့် သုံးရတဲ့ လိုင်းကထားဝယ်လိုင်းနဲ့ တူတူဖြစ်နေတော့လည်း ထားဝယ်မှာရှိသကဲ့သို့ အငွေအသက်ပေါ့။ ဒေါင်းလုပ်မဆွဲဘဲ သုံးရင် လောက်ပါတယ်လေ။ ဒေါင်းချင်ရင် ဆိုင်သွားဒေါင်းပေါ့။ နောက်တော့မှ ကျွန်တော့်ညီ ပိုင်ပိုင်က ယိုးဒယားမှတ်ပုံတင်နဲ့ unlimited လိုင်းဝယ်ပေးတဲ့အခါ တစ်လမှ ဘတ်တစ်ထောင်မကျဘူး။ ဆိုင်မှာသုံးသလို လိုင်းတစ်လိုင်းရပြန်တော့ အပျော်လွန်တဲ့ အင်တာနက်လိုင်းလေးကိုကောင်းကောင်းသုံးရတာပေါ့ဗျာ။ download speed ကို speed test နဲ့စမ်းသပ်တော့ ခုမြင်ရတဲ့အမြန်နှုန်းပေါ့......
No comments:
Post a Comment